Tuesday, April 10, 2018

သူငယ်ချင်းဖြစ်တဲ့ ကိုဖိုးသင်းက သုံးသပ်ပေးပါဦးဆိုတာလေး
အမှတ်တရ တင်ဆက်ပေးလိုက်ပါတယ်။
ရှေ့ တခေါ်မျှော်မကြည့်ခင်နှင့် နောက်တလန်ပြန်မကြည့်ခင်ကြားကာလ
ဖိုးသင်းမျောက်ဇာတ်သဘင်အဖွဲ့ ကြီး၏
စိတ္တဇီဝကမ္မဗေဒ(psycho physiology) ချင်းရာလက္ခဏာများ
မျောက်ဇာတ်သဘင်အဖွဲ့ မှာရှိနေတဲ့မျောက်တွေဟာ နှစ်အတန်ကြာလာတဲ့
အခါမှာ စိတ်ဖိစီးမှု(stress)အရိပ်အမြွက်တွေ့ လာရပါတယ်။မျောက်ဆရာ
ဖိုးသင်းရဲ့ စေညွှန်ရာအပေါ် ဆန့် ကျင်တုန့် ပြန်ရသောအင်အား(force)၊

လွန်ဆန်နိုင်ခြင်း၊ဆင်ချင်တွေးဆနိုင်ခြင်း နည်းပါးတဲ့အကြောင်းတရားများ
ကလဲအဓိကကျတဲ့ အစိတ်အပိုင်းတခုပါ။
မျောက်ဆရာ ဖိုးသင်းမှ မျောက်အများအပေါ် ဖိအား(pressure)နဲ့ 
ဝန်ပိမှု(strain) စတဲ့အရာတွေက မျောက်များအပေါ်မှာ အပြုသဘော
(positive) ထက် အပျက်သဘော(negative) ပိုင်းကို ရွေ့ လျားသက်ရောက်
စေပါတယ်။ စိတ်ဖိစီးစေတဲ့ အခြေခံအကြောင်းတရားများမှာလဲ အပြုသဘော
ဆောင်သည့် စိတ်ဖိစီးမှု(eustress) ထက်စာရင် အပျက်သဘောဆောင်သည့်
စိတ်ဖိစီးမှု(distress) ဘက်ကို ဦးတည်နေတာက များလာပါတယ်။
မျောက်များရဲ့ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေသော အကြောင်းတရားများ(stressors)
ကလဲ မျောက်များ ဖြစ်သော်ငြားလဲ လူသားများကဲ့သို့  ကံ၊ဥတု၊စိတ်၊အဟာရ
စတင် ချို့ ယွင်းဖေါက်ပြန်လာရခြင်းမှ စတင်သန္ဓေတည်ရှိလာခဲ့တာပါ။
တိရိစ္ဆာန်တွေဖြစ်တဲ့အတွက် တုန့် ပြန်ရန်အသိပေးမှုအဆင့်(alarm reaction
stage)/ခုခံဆန့် ကျင်မှုအဆင့်(resistance stage)များ ကင်းမဲ့ပြီး
မျောက်ဆရာ ဖိုးသင်းရဲ့ လုပ်ဆောင်ချက်များကို ကျန်ရှိသော မျောက်များမှ
ထင်ယောင်ထင်မှား မျှော်လင့်ချက် ရှိနေစေခြင်းကလဲ မျောက်ဇာတ်သဘင်
အဖွဲ့ ကြီးတခုလုံး ရှေ့ ဆက်သွားရမဲ့ ခရီးလမ်းအား ဖင့်လေးနှောင့်နှေးစေခြင်း
အချက်တခုဖြစ်ပါတယ်။နောက်ဆုံးမှာ မျောက်အများစုအတွက် ရလာဒ်အဖြေဟာ
ထွက်ပြေးမလား? ထိပ်တိုက်ရင်ဆိုင်မလား? Flight or fight ကနေ ခြေကုန်
လက်ပမ်းကျခြင်းအဆင့်(Exhaustion stage)/စိတ်ဓါတ်ကျဆင်းမှု(depression)
များသို့ တဟုန်ထိုး စီးမျောစေလာခဲ့ပါတယ်။
ဖိုးသင်းမျောက်များရဲ့ ရုပ်ပိုင်းဆိုင်ရာ(physical effects)/စိတ်ပိုင်းဆိုင်ရာ
(Physiological effect)သက်ရောက်မှုများ၊အမူအကျင့်(behavioral)/
စိတ်အခြေအနေ(mental)/စိတ်လှုပ်ရှားခံစားမှု(emotional) အားလုံးဟာ
ဂျုံးဂျုံးကျ ရောဂါလက္ခဏာစု(Burn out syndrome) တခုဖြစ်လာခဲ့ပါတယ်။
မြင့်မားသောငှက်ပျောသီးစားရရန်မျှော်လင့်ချက်မှ ကပြအသုံးတော်ခံမှု
မြင့်မားစေခြင်း(Pygmalion) ကင်းဝေးလာရခြင်းဟာ မျောက်များဇာတ်အဖွဲ့ 
သို့ ရောက်ရှိ ချိန်မှစပြီး မိမိဇာတ်အဖွဲ့ အပေါ်ထားရှိ သောတန်ဖိုး တဖြည်းဖြည်း
ခြင်း ကျဆင်းသွားခြင်း(Depreciation model) ဟာမျက်မြင်ဖြစ်လာပါတယ်။
စိတ်ဖိစီးမှုမှသည် စိတ်ဓါတ်ကျဆင်းမှုအထိ ပါဝင်သော ကျယ်ပြန့် သော
စိတ်ဖိစီးမှု GAS (general adaptive syndrome)တခုလို့ ပြောရမှာပါ။ပါတ်ဝန်းကျင်
(ပရိတ်သတ်)၏ ပကတိ အရှိတရားကို သိမြင်နိုးကြားလာတဲ့အဆင့်(Awakening
stage) ကတော့ မျောက်ဆရာ ဖိုးသင်းကိုယ်တိုင် လျော့တိလျော့ရည်း ငြီးငွေ့ 
စိတ်ကုန်သောအဆင့်(The Brownout stage)မှ တဖြည်းဖြည်း
ဂျုံးဂျုံးကျ သက်တမ်းသံသရာ(Burnout life cycle) အတွင်း
နစ်မြှုပ်စပြုလာနေပြီဖြစ်ပါတယ်။
ဂီတပညာရှင် ကိုယ်ရေးကိုယ်ကောင်း
ဖိုးတွမ်တီး နိုးအောင်စိုင် Myanmar
(မြန်မာကကတစ်ဘီလီယံသင်္ကြန်)

No comments:

Post a Comment