Sunday, June 10, 2018

မျက်နှာပျက်တဲ့စာအုပ်

စာအုပ်ရေ...
မင်း မျက်နှာပျက်ခဲ့ရပြီပေါ့
ဖတ်စရာမရှိတဲ့ စာအုပ်မျက်နှာ
လူအချင်းချင်းဆက်သွယ်ခြင်း
မင်းဘာမှ မတတ်နိုင်တော့ပါလား?
လူ့ မှုဆက်ဆံရေး ရာဇ၀င်သမိုင်းမှာ
မင်း ရိုင်းချင်တိုင်းရိုင်းခဲ့ပြီပေါ့
စာအုပ်မျက်နှာရေ ...

အမှားတွေကို လက်ခံရဲသလောက်
အမှန်တွေကို တွန်းတိုက်ဖယ်ရှား
ဒါလား မင်းရဲ့ ဘ၀ရပ်တည်မှု ?
စာအုပ်မျက်နှာ အမည်းရောင်သမ်း
အမှောင်လွှမ်းခဲ့ပြီပေါ့
ယောင်ယမ်းလို့ တောင်လှည့်မကြည့်ချင်
မင်းမျက်နှာမြင်ရင် ငါရင်နာတယ်ကွာ
စာအုပ်မျက်နှာ ရေ ...

စာအုပ်မျက်နှာကို အင်္ဂလိပ်လိုငါ
ဘာသာမပြန်တတ်တာကိုလဲ
အသည်းနာနေခဲ့ပေါ့
စာအုပ်မျက်နှာ ရေ ...

ဂီတပညာရှင် ကိုယ်ရေးကိုယ်ကောင်း
ဖိုးတွမ်တီး နိုးအောင်စိုင် Myanmar
(မြန်မာကကတစ်ဘီလီယံသင်္ကြန်)

No comments:

Post a Comment