Tuesday, October 6, 2020

Duck roasted By phoetwenty noeaungsai

Duck roasted By phoetwenty noeaungsai

Duck roasted By phoetwenty noeaungsai



#မင်္ဂလာအပေါင်းနဲ့ပြည်စုံနိုင်ကြပြီး
အောင်မြင်သည်ထက် အောင်မြင်ပါစေ...
ဆုမွန်ကောင်းတောင်းပေးလျက်
#ဂီတပညာရှင် #ကိုယ်ရေးကိုယ်ကောင်း
#ဖိုးတွမ်တီး #နိုးအောင်စိုင် Myanmar
#ပရိုက်ဗိတ်ဂီတာအင်စပိတ်တော်မင်း
#သီချင်းရေးနည်းသင်တန်းဆရာကြီး
(#မြန်မာကကတစ်ဘီလီယံသင်္ကြန်)

Tuesday, September 8, 2020

phoetwenty cooking

ချဥ်ဖတ်က ချဥ်ဖတ်ပဲစားပါတယ်
တောက်ကဲ ပဲပင်ပေါက် ချဥ်ဖတ်ကို
ယန်စီမြစ်က ငါးဖယ်ဆုပ်လေးနဲ့
ငရုပ်သီးစိမ်း နံနံပင်လေးအုပ်ထားပြီး
ကြော်ထားပါတယ်
အားလုံးကျေးဇူးတင်ပါတယ်ခင်မျာ

Thursday, August 23, 2018


ဈေးကြီးအမြန်ပြန်လည်တည်ဆောက်ရေးလှုပ်ရှားမှု ( signature campaign) 

 ကိုယ်တိုင်ကိုယ်ကျပါဝင် လာရောက်လက်မှတ်ထိုး ဆန္ဒပြုသူများကို တောင်ငူမြို့ရဲ့
လိုအပ်နေချိန်ပါဝင်ကြအတွက် မြို့သူမြို့သားများနှင့်ဈေးသူဈေးသားများကို
ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။
- ကျွန်တော်တို့လှုပ်ရှားမှု့မှာ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ကော်မတီမှ
ပါဝင်ဆောင်ရွက်လုပ်ကိုင်ခြင်းမဟုတ်ဘဲ မြို့သူမြို့သားများနှင့် နစ်နာဆုံးရှုံးခဲ့သူ
ဈေးသူဈေးသားများမှ စုပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးအပ်လိုပါသည်။
-လက်မှတ်ထိုးလှုပ်ရှားမှု့ကို ၂၄ရက်နဲ့ ၂၅ရက်နေများတွင် ၂ရက်ဆက် ၆လမ်း ရွှေနဂါးစတိုး
မျက်နှာချင်းဆိုင်တွင် မနက် ၈နာရီမှ ညနေ၃နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး
၂၅ရက်နေ့တွင် တောင်ငူမြိုသို့လာရောက်မည့် နိုင်ငံတော် ဒုတိယသမ္မတခရီး စဉ်
တိုင်စာလက်ခံရေးအဖွဲ့သို့လည်းတင်ပြသွားမည်ဖြစ်ပါသည်။
-ယနေ့ညနေအချိန်အထိ လက်မှတ်(၅၀၀)ကျော် ရရှိနေပြီး ကျန်ရှိနေသူများအနေဖြင့်
၂၄ရက်-၂၅ရက်နေ့များတွင် လာရောက်ဆန္ဒပြုလက်မှတ်လာထိုးကြပါရန်
နိုးဆော်အပ်ပါသည်။ တောင်ငူကိုချစ်မြတ်နိုးသူတိုင်းပါဝင်ပေးကြပါ။
ဦးဆောင်ပါဝင်ကြသူများ-
-ကိုသန့်ဇင် (မြို့ခံ)
-ကိုစိုးလွင် (မြို့ခံ)
-ကိုစိုးမင်း (ဈေးသူဈေးသား)
-ကိုညီညီနိုင် ( ဈေးသူဈေးသား)
-ကိုနှင်းမောင် ( မြို့ခံ)
-ကိုကျော်စွာ (မြို့ခံ)
***ဘယ်သူဆောက်ဆောက် ဘယ်ကုမ္ပဏီဆောက်ဆောက်
တောင်ငူဈေးကြီးအမြန်ဆောက်***

credit:Kyaw Swar Linn is with Thu Ra and 7 others.

Sunday, June 10, 2018

မျက်နှာပျက်တဲ့စာအုပ်

စာအုပ်ရေ...
မင်း မျက်နှာပျက်ခဲ့ရပြီပေါ့
ဖတ်စရာမရှိတဲ့ စာအုပ်မျက်နှာ
လူအချင်းချင်းဆက်သွယ်ခြင်း
မင်းဘာမှ မတတ်နိုင်တော့ပါလား?
လူ့ မှုဆက်ဆံရေး ရာဇ၀င်သမိုင်းမှာ
မင်း ရိုင်းချင်တိုင်းရိုင်းခဲ့ပြီပေါ့
စာအုပ်မျက်နှာရေ ...

အမှားတွေကို လက်ခံရဲသလောက်
အမှန်တွေကို တွန်းတိုက်ဖယ်ရှား
ဒါလား မင်းရဲ့ ဘ၀ရပ်တည်မှု ?
စာအုပ်မျက်နှာ အမည်းရောင်သမ်း
အမှောင်လွှမ်းခဲ့ပြီပေါ့
ယောင်ယမ်းလို့ တောင်လှည့်မကြည့်ချင်
မင်းမျက်နှာမြင်ရင် ငါရင်နာတယ်ကွာ
စာအုပ်မျက်နှာ ရေ ...

စာအုပ်မျက်နှာကို အင်္ဂလိပ်လိုငါ
ဘာသာမပြန်တတ်တာကိုလဲ
အသည်းနာနေခဲ့ပေါ့
စာအုပ်မျက်နှာ ရေ ...


Monday, April 16, 2018

မြန်မာသင်္ကြန်အတက်နေ့ 
အခါသမယမှာ
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ပြီး
ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ

သားသားလေး

Sunday, April 15, 2018

မြန်မာရိုးရာ သင်္ကြန်အကြတ်နေ့  
အခါသမယမှာ
မိဘပြည်သူများအား အရိုအသေအလေးအမြတ်
ဂါရ၀ပြုအပ်ပါသည်ခင်မျာ။

သားသားလေး