Wednesday, April 11, 2018

ဘားမား(မြန်မာ)စလင်ဒီယွန်

ရှေးဘ၀က ဘုရားမှာ ကြေးစည်လှူခဲ့လို့ လားမသိဘူး
ဒီလိုအသံပိုင်ရှင်မျိုးကို မြေတောင်မြှေက်ပေးချင်နေတာ
ကောင်းလိုက်တဲ့ သဒ္ဒဆိုတဲ့အသံ။ ထားပါတော့ အသံကောင်းတယ်လို့ 
ပြောမနေတော့ပါဘူး။အဆိုကျွမ်းကျင်ပိုင်နိုင်တာ နားဆင်သူရဲ့
အသည်းနှလုံးကို အဆိုပညာ မှော်အစွမ်းနဲ့ ဆွဲယူချေမွလိုက်သလို
ခံစားရတယ်။


ပြောရရင် ထူးအိမ်သင် မိန်းမယောင်ဆောင်ပြီး မိန်းခလေးသံနဲ့ 
ဆိုထားသလိုမျိုး။နှိုင်းရမယ်ဆိုရင်၊ဒါ ဘားမား(မြန်မာ)စလင်ဒီယွန်ပါပဲ။
စောစောကသာ တွေ့ မိခဲ့ရင်၊ရွှေပြည်အေးနဲ့ မြို့ မငြိမ်းသေလို့ 
လူဝင်စားပြန်ဖြစ်နေတယ်လို့ ပြောရလောက်အောင်
ဂီတကဝေ ဂီတပညာရှင် ကိုယ်ရေးကိုယ်ကောင်း
ဖိုးတွမ်တီး နိုးအောင်စိုင် Myanmar ရေးတဲ့ သင်္ကြန်သီချင်း
ချိုချိုလေးတွေကို ဆိုပြီး ဂီတပညာရှင် ဖိုးတွမ်တီး နိုးအောင်စိုင်ရဲ့
ဂီတစီမံခန့် ခွဲမှု ကိုယ်တိုင်တီးခတ်ထားတဲ့ အနုပညာ လက်ရာ
ပေါင်းစပ်လိုက်မယ်ဆိုရင် မြန်မာတမျိုးသားလုံးအတွက်
ဂုဏ်ယူလောက်စရာ အနုပညာဖန်တီးမှုတခုဆိုတာ
အသေအချာပြောရဲတယ်။

No comments:

Post a Comment