Thursday, August 23, 2018


ဈေးကြီးအမြန်ပြန်လည်တည်ဆောက်ရေးလှုပ်ရှားမှု ( signature campaign) 

 ကိုယ်တိုင်ကိုယ်ကျပါဝင် လာရောက်လက်မှတ်ထိုး ဆန္ဒပြုသူများကို တောင်ငူမြို့ရဲ့
လိုအပ်နေချိန်ပါဝင်ကြအတွက် မြို့သူမြို့သားများနှင့်ဈေးသူဈေးသားများကို
ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။
- ကျွန်တော်တို့လှုပ်ရှားမှု့မှာ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ကော်မတီမှ
ပါဝင်ဆောင်ရွက်လုပ်ကိုင်ခြင်းမဟုတ်ဘဲ မြို့သူမြို့သားများနှင့် နစ်နာဆုံးရှုံးခဲ့သူ
ဈေးသူဈေးသားများမှ စုပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးအပ်လိုပါသည်။
-လက်မှတ်ထိုးလှုပ်ရှားမှု့ကို ၂၄ရက်နဲ့ ၂၅ရက်နေများတွင် ၂ရက်ဆက် ၆လမ်း ရွှေနဂါးစတိုး
မျက်နှာချင်းဆိုင်တွင် မနက် ၈နာရီမှ ညနေ၃နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး
၂၅ရက်နေ့တွင် တောင်ငူမြိုသို့လာရောက်မည့် နိုင်ငံတော် ဒုတိယသမ္မတခရီး စဉ်
တိုင်စာလက်ခံရေးအဖွဲ့သို့လည်းတင်ပြသွားမည်ဖြစ်ပါသည်။
-ယနေ့ညနေအချိန်အထိ လက်မှတ်(၅၀၀)ကျော် ရရှိနေပြီး ကျန်ရှိနေသူများအနေဖြင့်
၂၄ရက်-၂၅ရက်နေ့များတွင် လာရောက်ဆန္ဒပြုလက်မှတ်လာထိုးကြပါရန်
နိုးဆော်အပ်ပါသည်။ တောင်ငူကိုချစ်မြတ်နိုးသူတိုင်းပါဝင်ပေးကြပါ။
ဦးဆောင်ပါဝင်ကြသူများ-
-ကိုသန့်ဇင် (မြို့ခံ)
-ကိုစိုးလွင် (မြို့ခံ)
-ကိုစိုးမင်း (ဈေးသူဈေးသား)
-ကိုညီညီနိုင် ( ဈေးသူဈေးသား)
-ကိုနှင်းမောင် ( မြို့ခံ)
-ကိုကျော်စွာ (မြို့ခံ)
***ဘယ်သူဆောက်ဆောက် ဘယ်ကုမ္ပဏီဆောက်ဆောက်
တောင်ငူဈေးကြီးအမြန်ဆောက်***

credit:Kyaw Swar Linn is with Thu Ra and 7 others.

No comments:

Post a Comment